MNP - ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ နှစ်သစ်ကူးကာလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ နှစ်သစ်မဟာသင်္ကြန် အတက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၊ တရားခန်းများသို့ သွားရောက်ပြီး ဥပုသ်သီလခံယူ ဆောက်တည်ကုသိုလ်ဒါန ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များရှိ၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း၊ တိုက်ကျောင်းဘုန်းတော်ကြီးကျောင်း၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၊ ရွှေကျီးနား ဘုန်းတော်ကြီးကျောင်း၊ ဝါဆိုဘုန်းတော်ကြီးကျောင်း၊ ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်း၊ ပညာဓိကာရုံ ဘုန်းတော်ကြီးနှင့်အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အို
အဘိုး/အဘွားများ၊ ဒေသခံပြည်သူများမှ ဘုရားကျောင်းကန်များသို့ သွားရောက်ပြီးသင်္ကြန်ကာလ အခါသမယ၌ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်းများအား စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်ပွားများအားထုတ်လျက်ရှိပြီး ကုသိုလ်ဒါနအဖြစ် ဥပုသ်သီလဆောက်တည်သူများအား စတုဒီသာ ထမင်း၊ ဟင်းများ၊ ဖျော်ရည်အအေးများ၊ ဖြင့်အလှူရှင်များမှ စတုဒီသာကုသိုလ်ပြုကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားလျှက် ရှိကြောင်းသိရသည်။
သတင်း - ဝင်းဝင်းသန်း
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment