ချောင်းဆုံ၌ နှစ်သစ်ကူး မဟာသင်္ကြန် အတက်နေ့ကို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲသူများနှင့် ဒေသထွက် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံ၌ နှစ်သစ်ကူး မဟာသင်္ကြန် အတက်နေ့ကို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲသူများနှင့် ဒေသထွက် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စည်ကား


MNP - ဧပြီ    ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)အတွင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ လာရောက် ရေကစားသူများနှင့် စည်ကားနေပြီး ရွာလွတ်ကျေးရွာရှိ ဒေသထွက် ပစ္စည်းအရောင်းဆိုင်များတွင်လည်း အမှတ်တရပစ္စည်းဝယ်ယူသူများနှင့် စည်ကား လျက်ရှိသည်။

မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများ၌ တရားအားထုတ်သူကြသူများနှင့် စိတ်အေးချမ်းစွာ တရားပွားများ နေကြပြီး မဟာသင်္ကြန်အတက်နေ့  တောင်ပေါ်ကြီးဘုရားပွဲတော်တွင်လည်း ဧည့်သည်ခေါ် ဘုရားပွဲတော်ကို ရိုးရာ အစဉ်အလာအတိုင်း  အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးကြ ကြောင်းနှင့် အတာရေကစားကြသူများနှင့် ရေပက်ခံထွက်ကြသူများအတွက် ရပ်ကွက်၊ ကျေးရွာများတွင်လည်း စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားနေပြီး မြန်မာ့ရိုးရာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)