ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအဆင့်မြင့်ရုပ်ရှင်ရုံ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအဆင့်မြင့်ရုပ်ရှင်ရုံ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသသွားမည်




MNP - ဧပြီ    ၁၆

ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအဆင့်မြင့်ရုပ်ရှင်ရုံ ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားခဲ့ရာမှ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ထားသည့် “ဝေးမနေချင်ဘူး” ရုပ်ရှင်ဇာတ်ကား ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ရပ်နားထားသည့် ဇေယျာသီရိမြို့နယ် ကုန်တိုက်အတွင်းရှိ ဇေယျာသီရိ အဆင့်မြင့်ရုပ်ရှင်ရုံကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ အဆိုပါရုပ်ရှင်ဇတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် လူမင်း၊ နေမင်းနှင့် ရွှေမှုံရတီ တို့ပါဝင်သရုပ်ဆောင် ထားကြပြီး ဇေယျာသီရိအဆင့်မြင့်ရုပ်ရှင်ရုံတွင် နံနက်၁၀နာရီခွဲ၊ နေ့လယ် ၁ နာရီနှင့် ညနေ ၃ နာရီ အချိန်များတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)