MNP - ဧပြီ ၁၆
မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ သံရုံးမိသားစုဝင်များသည် ဧပြီ ၁၅ ရက်(သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် ကျင်းပလျက်ရှိသည့် မြို့တော်ခန်းမအနီး၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြသည်။
ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းပေါ်အထိ မုခ်ဦးများနှင့် ရေပန်းများတပ်ဆင်ထားကာ ဖျော်ဖြေရေး စင်မြင့်များဖြင့်လည်း ဖျော်ဖြေလျက်ရှိပြီး အများပြည်သူများကလည်း စိတ်လက်ပေါ့ပါးပြီ ပျော်ရွှင်စည်းကားစွာ ရေကစားလျက် ရှိကြောင်းသိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment