MNP - ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အတက်နေ့၌ မြို့ပေါ်နှင့်ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်း ပျော်ရွင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အတက်နေ့၌ ဒေးဒရဲမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် စတုဒီသာများ ကျွေးမွေး ကြပြီး ရေကစားသူများ၊ ရေပက်ခံအဖွဲ့များနှင့် အေးချမ်းပျော်ရွင်စွာဖြင့် မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲတော်အား ဆင်နွဲလျက်ရှိကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment