ကျောက်ဖြူမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားသူများ စည်ကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားသူများ စည်ကားလျက်ရှိ





















MNP ၊ ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် နံနက် ပိုင်းမှစတင်၍  ရေပက်ကစားသူများ၊ ရေပက်ခံကားများ၊ ရေပက်ခံ ထွက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။


ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေ တင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒီသာအကျွေးအမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးများဆောက်လုပ်၍ နေအိမ် ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့ များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ ရေပက်ခံထွက်သူများအား ရေပက်ကစားကြကာ အေးချမ်း ပျော်ရွှင်စွာ စည်ကားလျက်ရှိသည်။ 


အဆိုပါ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များအား ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးလျက်ရှိသည်။  မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ် ကွက်နေပြည်သူများအပြင် အခြားနီးစပ်ရာမြို့နယ်နှင့် ပြည်ပမှဧည့်သည်များပါ ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်းစွာဖြင့်ရေကစားလျက်ရှိကြောင်းသိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)