MNP - ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် ယနေ့ ဧပြီလ ၁၆ ရက်နေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ထိုသို့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များက ကြီးမှူးကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ လုံခြုံရေး အစီအမံဖြင့် သင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများနှင့် ဧည့်ခံဖျော်ဖြေမှု များအပြင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ်များ ရေပတ်ခံထွက်ကစားကြသူများအား ဧည့်ခံကျွေးမွေးကြပြီး ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ရေပတ်ဖြန်းကစားလျက်ရှိကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment