MNP ၊ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများအတွင်း ရေကစားမဏ္ဍပ်များပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။
သင်္ကြန်အတက်နေ့၌ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စတုဒီသာများဖြင့် ဧည့်ခံ ကျွေးမွေးကြပြီး ရေကစားသူများ၊ ရေပက်ခံအဖွဲ့များက မော်တော် ဆိုင်ကယ်၊ အငှားယာဉ်များဖြင့် မြန်မာရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် အတာရေသဘင်ပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြင့်ဆင်နွဲလျက်ရှိကြောင်းသိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment