MNP - ဧပြီ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သင်္ကြန်အတက်နေ့ ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ဟိုပုံးမြို့နေ ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလ ခံယူခြင်း၊ ဉပုသ်သီလဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်ခြင်း၊ ဆွမ်းခဲဖွယ်များ ဆက်ကပ်ခြင်းနှင့် ဘုန်းကြီးကျောင်းတက်လာကြသူများအား အလှူရှင်များမှ စတုဒိသာ ကျွေးမွေးခြင်း စသည့်ကုသိုလ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဟိုပုံးမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားကြသူများ၊ ဘုန်းကြီး ကျောင်းတက် ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment