ငပလီမြို့ မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပလီမြို့ မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ











MNP ၊ ဧပြီ  ၁၃

ရခိုင်ပြည်နယ်၊သံတွဲခရိုင်  ငပလီမြို့၊ငပလီလမ်းဆုံ၌  ဆောက်လုပ်ထားသော မြန်မာ့ရိုးရာ မဟာသင်္ကြန်  ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ညနေ ၅ နာရီအချိန်ကကျင်းပပြုလုပ်ရာ အခမ်းအနား  ကိုရခိုင်စည်တော်တီး၍ဖွင့်လှစ်ပေးခဲ့သည်။ 

   အခမ်းအနားတွင်  သံတွဲခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်  မှ ၁၃၈၃-၈၄  ခုနှစ်  နှောင်းတန်ခူးလဆန်း(၁၃)ရက် ၁၃-၄-၂၀၂၂ ရက်နေ့တွင်  ကျင်းပပြုလုပ်သော  ငပလီမြို့  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား  နှစ်သစ်အကြို ဆုတောင်းစကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍  မြန်မာ့ရိုးရာ  မဟာသင်္ကြန် ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ်အားအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ရခိုင်ပြည်နယ်၊ ဥပဒေချုပ်ဦးလှသိန်း၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးချစ်၊ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးမောင်သာစိန်၊ ငပလီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနိုင်လင်းနှင့် ငပလီမြို့၊မြို့မိမြို့ဖတို့မှ သင်္ကြန်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များမှ သင်္ကြန်မိုးနှင့်မြူမှုန်ဝေကင်းသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ဧည့်ပရိတ်သတ်များနှင့် ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရေများ ဖြင့်ပက်ဖျန်းပေးခဲ့ကြသည်။

ငပလီ  မဟာသင်္ကြန်ပွဲတော်ကို   မြန်မာ့ရိုးရာနှစ်သစ်ကူးအစီအစဉ်များဖြင့်  အစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် စတုဒီတာများကျွေးမွေးလှူဒါန်းခြင်း၊ ရေပက်ကစားခြင်းများပြုလုပ်ဆောင်ရွက်လျှက်ရှိပြီး  နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီး ဘိုး/ဘွားများအားပူးဇော်ကန်တော့ခြင်း၊ ဘေးမဲ့ငါးများလွှတ်ခြင်းများ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းသိရှိရသည်။


သတင်း - သန်းနု (ငပလီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)