အမ်းမြို့၌ သင်္ကြန်အကြိုနေ့ ၌ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားများအားရေသပ္ပါယ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့၌ သင်္ကြန်အကြိုနေ့ ၌ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရား၊ ပုထိုး၊ စေတီများရှိ ဘုရားများအားရေသပ္ပါယ်ပူဇော်








MNP ၊ ဧပြီ ၁၃ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့တွင် မြို့ပေါ်ရပ် ကွက်နေပြည်သူများမှ ဘုန်း တော်ကြီးကျောင်းများ သို့သွားရောက်ပြီး ဘုရား၊ပုထိုး၊စေတီများရှိ ဘုရားရုပ်ပွားတော်များအား ရေသပ္ပါယ်ပူဇော်ခြင်းအား ယနေ့ ညနေ ၄ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်အတွင်း ရခိုင်စည်တော်တီးခတ်လှည့်လည်ကာ ဘုရားရေသပ္ပါယ်ခဲ့ကြောင်းသိရသည်။

နှစ်သစ်ကူးအတာသင်္ကြန် ကျရောက်တိုင်း ရပ်ကွက်များအတွင်းရှိ ဘုန်တော်ကြီးကျောင်းများသို့ ရခိုင်ပြည်သူများ၏ ထုံးတမ်းစဉ်လာတစ်ရပ်အနေဖြင့် အမြဲဆင်ယင်ကျင်းပပြုလုပ်လျှက် ရှိသော ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို ဗုဒ္ဓဘုရားရှင်အားရည်မှန်း၍ နှစ်စဉ်အစဉ်အလာ မပျက် ကျင်းပပြု လုပ်ခြင်းဖြစ်သည်။ 

ထိုသို့ ဘုရားရေသပ္ပါယ်ပူဇော် ခြင်းကို  ရခိုင်လူပျို/ အပျိုများမှဦးဆောင်ကာ နံသာ ဖြူ/နံသာနီ အစရှိသော အမွှေးနံသာများအားသွေးပြီး ငွေဖလားများ၌ထည့်ကာ သပြေခက်များဖြင့် ရပ်ကွက်များအတွင်း ရခိုင်စည်တော်တီးခတ်လှည့်

လည်ကာ ဘုန်းတော်ကြီးကျောင်းများရှိ ရုပ်ပွားတော် များအားဘုရားရေသပ္ပါယ်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်ပြီး အမှတ်(၃)ဈေးရပ်ကွက်အတွင်းရှိ ရေကစားမဏ္ဍပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လှပျိုဖြူယိမ်းအဖွဲ့များက ဝေမှုံဖြူနှင်းသီချင်းဖြင့် ဖွင့်လှစ်ကာ ကပြဖြေဖျော် ခဲ့ကြကြောင်းသိ သိရသည်။


သတင်း - စိုးမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)