ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
















MNP ၊ ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှ ၁၃၈၃ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက  ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွုင့်အနီးရှိ  အဆိုပါမဏ္ဍပ်၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲလင်းမောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး စိုင်းမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ရွှေ တို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ 


ဖွင့်ပွဲအခမ်းအနားကို ရောင်တော်ဖွင့်လူငယ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့နှင့်အတူ ရခိုင်ရတုတေး အား ရွှေတံဆိပ်ဆုရှင်  ဦးဇော်နေညွှန့်မှ သီဆိုဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲလင်းမောင်မှ  နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။  


ဆက်လက်၍ မန်းတောင်ရိပ်ခိုသီချင်းကို ရွှေတံဆိပ်ဆုရှင် ဦးပိုင်ဖြိုးကိုမှ သီဆို၍ ကျောက်ဖြူ မြို့နယ်ယဉ်ကျေးမှုယိမ်းအဖွဲ့၊ ကျောက်ဖြူမြို့နယ်ခရိုင်ရဲတပ်ဖွဲ့မှ သမီးပျိုလေးများယိမ်းအဖွဲ့နှင့် ပညာရေးဌာနမှ သမီးပျိုလေးများယိမ်းအဖွဲ့တို့မှ အဆိုပါသီချင်းဖြင့်တွဲဖက်ကပြဖျော်ဖြေပေးပြီး ကျောက်ဖြူမြို့နယ်ယဉ်ကျေးမှုယိမ်းအဖွဲ့မှ ချမ်းပါတယ်သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ 


ထို့နောက် ရခိုင်အဆိုတော် မင်းသာကီနှင့် မိချောတို့မှ မြူးမြူးကြွကြွခေတ်ပေါ်တေးသီချင်း များ၊ ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ 


ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း ရခိုင် အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူ များအား အဆိုပါမဏ္ဍပ်ရှေ့၌ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)