MNP - ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုပြည်သူများအေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်ရေး အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်ပန်းခြံတွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ကို ယမန်နေ့အထိ ဆောက်လုပ်ပေးနေလျက်ရှိသည်။
ထိုသို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းတို့မှ အနီးကပ်ကြီးကြပ်၍ ကျင်းပရေးကော်မတီ၊ ဆပ်ကော်မတီများ အသေးစိတ်စိစစ်ဖွဲ့စည်းထားရှိပြီး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲနေ့အစီအမံများ၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်စေရေး မဏ္ဍပ်လုံခြုံရေး အထူးကြပ်မတ်ထားရှိပြီး၊ငဝန်မြစ်ရေမှ ရေတင်စက်များဖြင့် ရေတင်ပြီးရေပိုက်များဖြင့် ရေပတ်ဖြန်းနိုင်ရေး၊ရေကစားမဏ္ဍပ်သို့ လာရောက်ရေကစားလာကြသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများကျန်းမာရေးကူညီဆောင်ရွက်ပေးနိုင်ရန် ယာယီဆေးခန်းဖွင့်လှစ်ထားရှိပြီး လုပ်ငန်းအစီအမံအသေးစိတ်များအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment