သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်း ဖွင့်လှစ်



MNP - ဧပြီ   ၁၂

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်း အသင်းတော်လူငယ်များမှ ဦးဆောင်၍  လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင်  အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ချိန်ကို  အကျိုးရှိစွာ တန်ဖိုးထားတတ်စေရန်၊  အသိပညာဗဟုသုတ တိုးပွားစေရန်အတွက်  ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စပြီး ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင်  လူငယ်ရက်တို သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သမ္မာကျမ်းစာသင်ကြားပေးခြင်း အစီအစဉ်၊ ဂီတအစီအစဉ်၊ ကျန်းမာရေး အသိပညာပေးအစီအစဉ်၊ Praise and Worship သီဆိုမှု၊ ပန်းချီစာလုံးဖောက်၊ မိတ်ကပ်ပညာစည်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/ သင်တန်းသားများအနေဖြင့် မိမိကြိုက်နှစ်သက် သည့် အစီအစဉ်များတွင် တက်ရောက်နိုင်ကာ သင်တန်းကာလကို  ဧပြီလ(၁၁)ရက်မှ(၁၆)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လူငယ်ဥက္ကဋ္ဌ ဦးစောဂေဒိုစိုးထံမှ သိရသည်။

သတင်း - စောမင်းသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)