MNP - ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ စစ်တပ်ဂလပ်ကျေးရွာ စာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/စာရေးနှင့်ကျေးရွာအုပ်ချုပ် ရေးမှူးတို့လိုက်ပါပြီး အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသူများ၊ ပထမအကြိမ်ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ်ဆက်လက်ထိုးနှံရန်ကျန်ရှိသူများကို ကာကွယ်ဆေး ပြီးစီးအောင်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နေထိုင် ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များအားလိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပေး ပြောကြားလျက်ရှိကြောင်း မသေကျေးရွာအုပ်စု ရပ်/စာရေး ဦးရန်အောင်ကပြောကြားသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment