ညောင်ဦးမြို့နယ်တွင် တန်ခူးလအတာသင်္ကြန်အိုးများရောင်းအားကောင်းနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် တန်ခူးလအတာသင်္ကြန်အိုးများရောင်းအားကောင်းနေ



MNP -   ဧပြီ   ၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးရောင်းနေသည့် ဦးနေလင်းထံကသိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်နှင့်အတူယှဉ်တွဲသိထားသည့် ပိတောက်ပန်းများ၊ ရွှေပုပ္ပားကစကားဝါပန်းများ နှင့်အတူ သင်္ကြန်အတာအိုးများထဲတွင် ပန်းများထိုးကာ မြန်မာ့ရိုးရာမဟာသင်္ကြန်အား ကြိုဆိုကြ ကြောင်းသိရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို ထန်းဆွဲမြူအိုးတဝက်လောက်သာပြုလုပ်ကြ ပြီး ဖေဖော်ဝါရီလမှစတင်ပြုလုပ်ရောင်းချကြပြီး ဧပြီလပထမပတ်ထိ ပြုလုပ်ရောင်းချကြကြောင်း ဦးနေလင်းက ရှင်းပြသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြလေ့ရှိကာ သင်္ကြန်မရောက်ခင်တစ်ရက်အလိုမှစပြီး ကြိုတင်ကာရေသန့်စင်ပြီး ရာသီပေါ်ပန်းများထိုးကာ မြန်မာ့ ရိုးရာမဟာ သင်္ကြန်အားကြိုဆိုလေ့ရှိကြောင်း၊ အတာအိုးထဲတွင်မပါမရှိထည့်သည့် မြေစာမြက်၊ တမာ၊ အောင်သပြေပန်း၊ အုန်း၊ ခံပန်း၊ မေမြို့ပန်းတို့ဖြစ်ပြီး အခြားအဆင်ပြေရာပန်းများကိုရော ထိုးထားကြကြောင်း ညောင်ဦးမြို့ အမှတ်(၁)ရပ်နေ ဦးတင်မောင်ဝင်းက ရှင်းပြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် အကြတ်အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့တို့တွင် မြန်မာပြည် အရပ်ရပ်ရှိ မြို့ပြ၊ကျေးလက်တို့တွင် အိမ်တိုင်း၊လမ်းတိုင်းတွင် အန္တရာယ်ကင်းအဖြစ် ပရိတ်တရားတော်၊ ပဌာန်းတရားတော်များကိုဆရာတော်/သံဃာတော်များ ကရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး ပရိတ်အိုး၊ ပရိတ်တောင်းများထဲတွင် အပ်ချည်၊ သန့်စင်ပြီး သဲ၊ ရေ၊ ကျောက်စရစ်ဂဲဖြူများ၊ ပရိတ်ပန်းများအား မိမိတို့၏ မြို့ရွာ၊ အိမ်တိုင်းခြံစည်းရိုးပတ်လည်ကို အန္တရာယ်ကင်းပရိတ်သဲများပက်ကြဲ၍ နှစ်သစ်မှာအန္တရာယ် အသွယ်သွယ်ကင်းပါစေကြောင်း၊ ကမ္ဘာသူကမ္ဘာသားများအေးချမ်းပါစေကြောင်း ဆုတောင်းဖြန်းပက် ကြကြောင်းသိရကာ မကြာမီရောက်ရှိလာတော့မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက် အတာသင်္ကြန်အိုးများ ရောင်းအားကောင်းနေကြောင်း တောင်ကုန်းကျေးရွာအတာသင်္ကြန် အိုးပြုလုပ်ရောင်းချနေသူ များထံကသိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)