ဟားခါးမြို့တွင် မဟာသင်္ကြန်အကြို ဂေါက်ရိုက်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့တွင် မဟာသင်္ကြန်အကြို ဂေါက်ရိုက်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်



MNP - ဧပြီ    ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ  ဟားခါးဂေါက်ကွင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် မဟာသင်္ကြန်အကြို ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်သည်။

ရှေးဦးစွာ ဟားခါးမြို့ဂေါက်ကွင်းရှိ သတ်မှတ်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်က Smoke Ball ရိုက်၍ မဟာသင်္ကြန်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖွင့်လှစ်သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်မည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖမှ ဦးပေါက်လန်းနှင့် ကွင်းတာဝန်ခံ ဦးတီာလ်ထန်လျန်းတို့က Smoke Ball များ ရိုက်ကြပြီး ဂေါက်ကွင်းရှိ Hakha Golf Club House ၌ ဝန်ကြီးချုပ်နှင့် ပြိုင်ပွဲဝင်သူအားလုံးက ကြက်သားကြာဇံဟင်းခါး သုံးဆောင်ကြသည်။ ယင်းနောက် ပြိုင်ပွဲဆက်လက်ကျင်းပရာ ညနေ ၄ နာရီခွဲတွင် Hakha Golf Club House ၌ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ ဟားခါးမြို့နယ် ဂေါက်ကလပ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်တို့က ဟားခါးဂေါက်ကွင်း စိမ်းလန်းစိုပြေရေး၊ ရေရရှိရေးနှင့် ဂေါက်ကယ်လီသင်တန်းများ ဖွင့်လှစ်ပေးရေးအစီအမံနှင့် လိုအပ်ချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ပေးကာ ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသူကို ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အငယ်တန်းနှင့် အကြီးတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးမင်းအုန်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးသန်းအောင်နှင့် ဟားခါးမြို့နယ် ဂေါက်ကလပ်ဥက္ကဋ္ဌတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ယနေ့ကျင်းပပြုလုပ်သည့် သင်္ကြန်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ချင်းပြည်နယ် အစိုးရအဖွဲ့မှ ကျပ် ၁၀ သိန်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျပ်သိန်း ၃၀၊ ပေါင်းကျပ်သိန်း ၄၀ ဖြင့် ကျင်းပ ပြုလုပ်ခြင်းပြီး အကြီးတန်းပြိုင်ပွဲတွင် (၇) ဦး၊ အငယ်တန်းပြိုင်ပွဲတွင် (၁၄) ဦး၊ ပေါင်း (၂၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)