ပင်လောင်းမြို့တွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လောင်းမြို့တွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲပြုလုပ်



MNP - ဧပြီ   ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်ထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက Community Centre ခန်းမတွင် ပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းတို့က သင်တန်းဆင်း အမှာစကား ပြောကြကြောင်း၊ ယင်းနောက် တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား/ သင်တန်းသူများအား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ  သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၁)ဦး တက်ရောက်ကြပြီး သင်တန်းကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - ခွန်အာကာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)