သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၂၅၀)ဧကစိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၂၅၀)ဧကစိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့်



MNP  -  ဧပြီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၂၅၀)ဧက စိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာယာဝတီမြို့နယ်အနေဖြင့် သာယာပေးကျေးရွာအုပ်စုတွင် ကြံစိုက်ဧက (၂၅၀)ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ် မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျသုံးစွဲတတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက် နှုန်းမှာ(၂၅)တန်ထွက်ရှိရာ ထွက်ရှိလာသော ကြံများကို ဥက္ကံသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သတင်း - သန့်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)