နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ၌ (ပဉ္စမ)အကြိမ်မြောက် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ၌ (ပဉ္စမ)အကြိမ်မြောက် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ်

 


MNP - ဧပြီ    ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာ၌ ပဉ္စမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ဖွင့်ပွဲတွင် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ အရှင်သူမြတ်မှ ဩဝါဒကထာချီးမြှင့်ပြီး ဂုတ်ထိပ်ကျောင်းဆရာတော်အရှင်သူမြတ်မှ ဝိပဿနာသင်တန်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။

အဆိုပါ တရားစခန်းသို့ မြို့နယ်အတွင်းရှိ ယောဂီသူတော်စင် ၁၅၃ ဦး တက်ရောက်တရားဘာဝနာများ အားထုတ်ကြပြီး တရားစခန်းကို ၇ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)