မင်းပြားမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းပြားမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲကျင်းပ



                            

MNP - ဧပြီ    ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မင်းပြားမြို့လူမှုရေးအသင်း၊ အဖွဲ့များ ပူးပေါင်းပြီး ယမန်နေ့က ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲကို မင်းပြားမြို့  ပြည်လုံးချမ်းသာ ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မင်းပြားမြို့နယ် ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲ၊  ဒိုင်လူကြီးများက ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်၊ အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ရခိုင်ရိုးရာ စဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲများဖြစ်သည့် ကြက်ခြေနီမိသားစု၊ ဆေးရုံ မိသားစု၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု၊ မဇ္ဈိမပျိုမေ၊ မဇ္ဈိမသဇင်၊ ရွှေဇင်မေဦး၊ April သူချေ၊ ကင်းဆိပ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်လှ ရပ်ကွက်၊ ဥက္ကာပျံရပ်ကွက်များမှ လှပျိုဖြူများ ကတူညီဝတ်စုံများ ဝတ်ဆင်ကာ တစ်ပျော်တစ်ပါး ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို ရခိုင်ရိုးရာ စဉ်လာမပျက် ကျင်းပလျက်ရှိရာ ယခုနှစ်တွင် မင်းပြားလူငယ် အစည်းအရုံး၊ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၊  မင်းပြားလူငယ်များ ကွန်ရက်၊ ရခိုင်မျိုးနွယ်စုကြား စည်းလုံးညီညွတ်ရေး၊ မျိုးချစ်သော ရခိုင်လူငယ်များ အစည်းအရုံးတို့ ပူးပေါင်း ကာ ကျင်းပရခြင်းဖြစ်ပြီး ပထမဆုကျပ် (၁၅၀၀၀၀)၊ ဒုတိယဆုကျပ် (၁၀၀၀၀၀)၊ တတိယဆုကျပ် (၇၀၀၀၀) ဆုချီမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)