သာပေါင်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျေးလက်နေပြည်သူ(၃၇၄)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျေးလက်နေပြည်သူ(၃၇၄)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့



MNP -  ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဘုရား ကုန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ အုပ်စု၊ ဆိပ်သာကျေးရွာ၊ ခေနန်ကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန်ကျန်ရှိအသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေး အသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များ မှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများမှ ကျေးရွာများအရောက် လှည်လည်ကြည့်ရှုအားပေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် (၁၁)ဦး၊ ဘုရားကုန်းကျေးရွာ အုပ်စုတွင် (၃၃)ဦး၊ ဒါးကညောင်ကုန်းကျေးရွာအုပ်စု(၃၃)ဦး၊ ဇီးဖြူကွင်းကျေးရွာအုပ်စု(၂၂)ဦး၊ မကျီး ကုန်းကျေးရွာအုပ်စု(၁၄၃)ဦး၊ ဆိပ်သာကျေးရွာတွင်(၆၆)ဦး၊ ခေနန်ကျေးရွာအုပ်စုတွင်(၅၅)ဦး၊ ဆောင်ဘုံကျေးရွာတွင်(၁၁)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် စုစုပေါင်းပြည်သူ(၃၇၄)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)