MNP - ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်ရာနှုန်းပြည့်ထိုးနှံပေးနိုနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေး သည့် ပြည်သူမျာရောဂါကာကွယ် SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉) ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကိုဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီ ၈ ရက်နေ့တွင် COVID SHIELD ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၈၃) ဦးနှင့် ဒုတိယအကြိမ်ထိုးနှံသူ ( ၅၀ )ဦး၊ COVID SHIELD (Booster) ထိုးနှံသူ (၂၅) တို့အားထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စန္ဒာမိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment