MNP - ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားခြိုးခြံ ချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး(Talk Show)ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး က ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင်ဆန်းက လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြည်သူများမှ လိုက်နာရ မည့် အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ပြီးနောက် လျှပ်စစ်မီးကို ပြည်သူတွေ ခြိုးခြံချွေတာစွာ သုံးစွဲ့သင့်သည့်အကြောင်းအရာများအပြင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment