ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ ကွမ်းဖလားကျေးရွာနှင့် အုတ်လှေကားကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ ကွမ်းဖလားကျေးရွာနှင့် အုတ်လှေကားကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

 


MNP -  ဧပြီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော ညောင်ဦး မြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့ နံနက် ၉ နာရီအချိန်က သောက်သုံး ရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကွမ်းဖလားကျေးရွာနှင့် အုတ်လှေကားကျေးရွာ သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက် များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကွမ်းဖလားကျေးရွာအတွက် ၁၆၀၀ ဂါလံနှင့် အုတ်လှေကားကျေးရွာအတွက် ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၃၀၂၆၀ ဂါလံညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။     

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)