MNP ၊ ဧပြီ ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့ ပေါ်ရှိ ဘုရား၊စေတီများတွင် မဟာသင်္ကြန် အကျနေ့၌ ဘုရားဖူးလာရောက်ကြသူ ပြည်သူများအေးချမ်းစွာဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်သည့် ကျိုက်ပေါ လောမှဲ့ရှင်တော်ဘုရားနှင့် ဘုရားသုံးဆူ ထိုင်တော်မူ ဘုရားကြီးတို့ တွင် မြိုနယ်အတွင်းရှိ ပြည်သူများ၊ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများဖြင့် စည်းကားလျက်ရှိပြီး ဘုရားဖူးလာ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost






No comments:
Post a Comment