သရက်ချောင်းမြို့နယ်၊ မြန်မာ့ရိုရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ မြန်မာ့ရိုရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကျင်းပ








MNP - ဧပြီ    ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ထားဝယ်-မြိတ်ကားလမ်း၊ အထက(သရက်ချောင်း) ကျောင်းရှေ့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးစိုးထူးအောင် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲ များနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ယိမ်းအဖွဲ့များမှ မြူမှုန်ဝေကင်းတေးသီချင်းဖြင့် ဖျော်ဖြေကပြခဲ့ပါသည်။ ထို့နောက် တေးသံရှင်များမှ ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - နန်းခလိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)