MNP ၊ ဧပြီ ၁၃
နှစ်သစ်ကူးရုံးပိတ်ရက်ကာလဖြစ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဂွမြို့ကမ်းခြေနှင့် ကမ်းသာယာ ကမ်းခြေတို့တွင် ပုံမှန်အားဖြင့် အပန်းဖြေကြသူများရှိသော်လည်း ယခုနှစ်သစ်ကူးရုံးပိတ်ရက်များတွင် အခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရီးသွားပြည်သူများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရေကစား အပန်းဖြေလျက်ရှိသည်ကို တွေ့ရသည်။
ဂွမြို့နယ်အနေဖြင့် ကျိန္တလီမြို့နှင့် ကျေးရွာများတွင် သင်္ကြန်မဏ္ဍပ်များ ရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းနှင့် နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ကာလများတွင် ဘုရား၊ ကျောင်းကန်သွားကြသူများ၊ ရဟန်းခံ၊ ရှင်ပြုအလှူ လုပ်ကြသူများရှိသကဲ့သို့ ဝမ်းရေးအတွက် စီးပွားရှာကြသူများ၊ သင်္ကြန်ရေပက် ကစားကြသူများလည်းရှိသည်။ ထို့အပြင် ပြည်သူများအနေဖြင့် မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ကမ်းခြေများတွင် ပျော်ရွှင်စွာ ရေကစား အနားယူ အပန်းဖြေလျက်ရှိကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment