MNP ၊ ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ/ကျွဲ/နွား/ သစ်မှောင်ခိုများ သယ်ဆောင်မှုမရှိစေရေး၊ ဘင်္ဂါလီများအား မှောင်ခိုသယ်ဆောင်မှုမရှိစေရေး၊ လက်နက်/ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေးအတွက် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရဟိုင်ကူးတို့ကျေးရွာလမ်းဆုံတွင် နယ်မြေအေးချမ်းလုံခြုံရေးအတွက် ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment