လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဆက်လက်ဖြေဆို



MNP -  ဧပြီ   ၄

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၃)ခုတွင် ဖြေဆိုလျှက် ရှိပြီး ယနေ့ဖြေဆိုသည့် ဓာတုဗေဒဘာသာရပ်တွင် စာရင်းရှိ(၃၁၆၁)ဦး ပျက်ကွက်(၂၂၈)ဦးရှိပြီး ဖြေဆိုသူ (၂၉၃၃) ဦးရှိရာ ရာခိုင်နှုန်းအားဖြင့်  ၉၃ ဒသမ ၀၄  ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စသည့်ပူးပေါင်းအဖွဲ့များက နေ့စဉ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)