ရေတာရှည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေပေးအပ်

MNP - ဧပြီ    ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများရှိ ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ်ပိုင်းတွင် စာစစ်ဌာန များသို့  သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သကဦးနှင့် တာဝန်ရှိသူများက ရေတာရှည် မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (ရေတာရှည်) ၊ အ.ထ.က(ရွှေကြက်ယက်)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ.ထ.က(မြို့လှ)၊ အ.ထ.က (ရေနီ)  ကျောင်းများသို့ သွားရောက်၍ စာစစ်ဌာန(၁) ခုလျှင် ငွေကျပ် (၆၀၀၀၀) စီဖြင့် စုစုပေါင်းငွေကျပ် (၃၆၀၀၀၀)ကို ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေး အတွက်  လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)