နယ်စပ်ရေးရာဝန်ကြီးဌာန မဟာသင်္ကြန်အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန မဟာသင်္ကြန်အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP - ဧပြီ    ၁၃

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန်အတာရေ သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးဌာနယိမ်းအဖွဲ့မှ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေ၍ ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့်အတူ ပျော်ရွှင်စွာရေကစားခဲ့ကြပြီးဝန်ထမ်းမိသားစုများ၏ အလှအပများဖြင့်ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့၍ ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီ ၁၃ အကြိုနေ့မှ စတင်၍ ဧပြီ ၁၆ အတက်နေ့အထိ ဝန်ကြီးဌာနမဏ္ဍပ်၌ အဆို၊အကများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ စတုဒိသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)