လေးကေ့ကော်မြို့သစ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးကေ့ကော်မြို့သစ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်







MNP ၊ ဧပြီ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလာဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင် တစ်ချို့ပါဝင်သောအဖွဲ့ နှင့် NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လေးကေ့ကော်မြို့သစ်၊ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌လည်းကောင်း၊ ဒေသအခေါ် တြိဂံကုန်း၊ လင်းယုန်ကုန်းနှင့် ရသေ့ဂူကျေးရွာတို့၌ လည်းကောင်း ပြည်သူလူထုကို အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် စုဖွဲ့နေထိုင်လျက်ရှိကြောင်း အမှတ်(၆)ရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောကြားမှုကြောင့် သိရှိခဲ့ရသည်။


တပ်မတော်စစ်ကြောင်းများအနေဖြင့် ဧပြီလ ၁၀ ရက်တွင် လေးကေ့ကော်မြို့သစ်အတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်စဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက အမှတ်(၆)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား အကာအကွယ်ရယူကာ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူ ရယူ၍ ရန်သူပစ်မှတ်နှင့် ရန်သူ့နေရာများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ တပ်မတော်စစ်ကြောင်းများက လေးကေ့ကော် မြို့သစ်အတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့် နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ် ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာရရှိသည့်အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးခဲ့သည့်နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ်ရယူ၍ ပစ်ခတ်ခဲ့သည့်နေရာများအား စစ်ဆေးတွေ့ရှိခဲ့ရသည်။


တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး NCA ပါသဘော တူညီချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အချို့လက်နက်ကိုင် အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)