MNP - ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအချို့တွင် နွေရာသီ၌ သောက်သုံးရေရှားပါးလာသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တမာတကေကျေးရွာရှိ တမာတကေဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေသွားရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်း များက ဂါလံ(၂၄၀၀)ဆံ့ ရေသယ်မီးသတ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးပြီး၊ သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူများနှင့် ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုးမိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment