MNP ၊ ဧပြီ ၇
ယနေ့ (၁၁ ၀၀) အချိန်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့တွင် Mytel ရုံးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၅နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Mytel ဆက်သွယ်ရေးရုံးအတွင်းသို့ NLD အစွန်းရောက် အကြမ်းဖက်အဖွဲမှ အမျိုးသား (၂)ဦးသည် ဆိုင်ကယ်ဖြင့်လာရောက်ကာ အဆိုပါ ရုံးအတွင်းသို့ လက်လုပ်မိုင်း(၁)လုံး ထားရှိ၍ ထွက်ပြေးခဲ့ပြီး အဆိုပါ ဗုံးသည် ရုံးအဝင် တံခါးဘေးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ဒေါ်သန်းတင် ၅၈ နှစ် Mytel ရုံး (သန့်ရှင်းရေးလုပ်သား) မှာ မိုင်းစထိမှန် ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင် (သေဆုံး)၊ ၎င်း၏ မြေးဖြစ်သူ မောင်မှုန်ကြီး ၅ နှစ်၊ ညာခြေထောက် မိုင်းအစထိမှန် ဒဏ်ရာ ၁ ချက် ညာရင်ဘက် မိုင်းအစထိမှန် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ဦးဝင်းကြိုင် ၆၀ နှစ် Mytel ရုံး (ယာဉ်မောင်း) ဘယ်ဘက်ခြေထောက် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်ပွင့်ဇင်ထွန်း ၂၃ နှစ်၊ မျက်နှာနှင့် ဘယ်ညာလက်များ အစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment