ဝေါမြို့နယ်၌ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့နယ်၌ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - ဧပြီ    ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၄  နာရီက ရွှေဘုန်းပွင့်စေတီတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော် က မြန်မာရိုးရာ နှစ်သစ်ကူး ပွဲတော်ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ ရန်ပုံငွေရရှိမှု၊ ဖွင့်ပွဲပိတ်ပွဲအစီအစဉ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သံဃာ‌တော်များက မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားကန်တော့နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပ ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ  တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးသည်။

ဝေါမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သဘင်၊ ဂီတအစည်းအရုံးမှတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ ယိမ်းပြိုင်ပွဲများ၊ ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးမွေးပွဲများ၊ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)