MNP - ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပလျက်ရှိရာ ပထဝီဝင်ဘာသာရပ်အား ယနေ့၌ ကျောင်းသားကျောင်းသူ ၃၆၃ ဉီးဝင်ရောက် ဖြေဆိုပြီးစီးကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဉက္ကံ) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဖလုံ) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (တော်လတီ) စာစစ်ဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတို့တွင် ပထဝီဝင် ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၉၅) ဉီး၊ ကျောင်းသူ (၂၁၃) ဉီး စုစုပေါင်း (၄၀၈)ဉီး ရှိသည့်အနက် ကျောင်းသား (၁၆၇) ဉီး၊ ကျောင်းသူ (၁၉၆) စုစုပေါင်း (၃၆၃) ဉီး ဝင်ရောက်ဖြေဆိုသည်။ ပျက်ကွက်သူ ကျောင်းသား (၂၈) ဉီး ကျောင်းသူ (၁၇) ဉီး စုစုပေါင်း (၄၅)ဉီး ရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း ၈၈ ဒသမ ၉၇ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - စန်းကလျာခိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment