ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး သက်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး သက်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း



MNP - ဧပြီ   ၇

မေး။ လေးစားအပ်ပါသော ဝန်ကြီးရှင် ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း တောင်မြေဖြိုမှု များသည် မည်သည့်နေရာများတွင် အများဆုံးဆောင်ရွက်နေသည်ကို သိပါရစေရှင်။

ဖြေ။ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် တောင်မြေဖြိုမှုများကို သင်းကျစ်တော်တောင်တန်း၊ တောင်ဖြူဆည်အနီးတစ်ဝိုက်၊ မကျားတောင်တန်း၊ မောင်းဆွဲတောင်တန်း(ကျွဲသေအင်း၊ ဘောင်း ဒွတ်)အနီးဒေသများတွင် အများဆုံးဆောင်ရွက်နေကြပါတယ် ခင်ဗျာ။

မေး။ မြောက်ဦးဒေသမှာရှိတဲ့ တောင်တွေကို ဘာကြောင့်တူးတာလဲ သိရှိပါရစေရှင်။

ဖြေ။ တောင်မြေတွေကို တူးပြီးတော့ မြေဖို့ခြင်း၊ လမ်းပုခုံးဆောင်ရွက်ခြင်း၊ အိမ်ယာမြေဖော်ဆောင်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် တူးနေကြတာဖြစ်ပါတယ် ခင်ဗျာ။

မေး။ တောင်မြေတူးခြင်းလုပ်ငန်းတွေကြောင့် ယဉ်ကျေးမှုအမွေအနှစ်ကို ဘယ်လိုထိခိုက်ပျက်စီးစေသလဲ သိရှိပါရစေရှင်။

ဖြေ။ တောင်မြေတူးခြင်းလုပ်ငန်းတွေကြောင့် သဘာဝဂေဟစနစ်ပျက်စီးခြင်း၊ မြောက်ဦးဒေသရဲ့ ရှေးဘု ရင်များလက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ဘုရား၊ ပုထိုး၊ စေတီများ၊ ကာကွယ်ရေးစနစ် (သူ ရဲပြေး) ၊ ကျုံး၊ ချောင်း၊ မြောင်းနှင့် ပြီးပြည့်စုံသော ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့သည့် အဓိက စံနှုန်းသတ်မှတ်ချက် (Criteria) တွေကိုထိခိုက်စေပါတယ်ခင်ဗျာ။

မေး။ တောင်ဖြိုမှုများအပြင် မြောက်ဦးဒေသမှာ ဓနိတောများကိုခုတ်၍ တောင်မြေဖြိုထားသည့် မြေများဖို့ ကာအကွက်ရိုက်အိမ်ဆောက်နေမှုများ ဆောင်ရွက်နေသည်ကို သိရှိရပါတယ်။ အဲဒါနှင့်ပတ်သက်၍ သိရှိရပါစေရှင်။

ဖြေ။ မြောက်ဦးမြို့မှာ လူဦးရေးတိုးပွားလာပြီး နေထိုင်စရာနေရာရှားလာတဲ့အတွက် ဓနိတောများကို ခုတ် ထွင်ပြီး အိမ်ယာမြေဖော်ဆောင်မှုများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတာကို တွေ့ရပါတယ်။ ဓနိ ပင်ဓနိတောများရှိနေခြင်းက မြောက်ဦးဒေသရဲ့ထူးခြားချက်ဖြစ်ပါတယ်၊ Wet Land Forest အနေ ဖြင့်ကာကွယ်ထိန်းသိမ်းရန် လိုအပ်တဲ့နေရာဖြစ်တယ်။ ဓနိတောရှိခြင်းက သမိုင်းဆိုင်ရာ ရှေးဟောင်း ရေလမ်းကြောင်း အထောက်အထားနေရာတွေဖြစ်တယ်။ ချောင်းကပျောက်သွားသော်လည်း အထောက်အထားအရာတွေက ရှိနေသေးကြောင်း၊ ထိုဓနိတောသည် မြေယာရှုခင်း၏ အလှတရား ဖြစ်တဲ့အတွက် ထိန်းသိမ်းထားသင့်ပါတယ်။

မေး။ အဲဒီလို ဓနိတောကို ဖြို၍ အကွက်ရိုက်အိမ်ဆောက်မှုများ၏ အကျိုးသက်ရောက်မှုများကို သိရှိပါရ စေရှင်။

ဖြေ။ အိမ်ယာမြေဖော်ဆောင်ခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု  အမွေအနှစ်များဖြစ်သည့် ရှေးဟောင်း သင်္ဘောကျင်းများ၊ အုတ်ကန်များ၊ ရေစီးဆင်းမှုလမ်းကြောင်းများ၊ သမိုင်းဝင်အထောက်အထားများ နှင့် သဘာဝဂေဟစနစ်များ ထိခိုက်ပျက်စီးခြင်းနှင့် ချောင်း၊ မြောင်းများ တိမ်ကောလာပြီး ရေစီး ကြောင်းများပြောင်းလဲလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်ခြင်း၊ အရေးကြီးဆုံးအချက် မှာ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးလုပ်ငန်းကို ထိခိုက်စေပါတယ်၊ ဒါကြောင့်မို့ တားမြစ်ရန်လို အပ်ပြီး လိုအပ်သည့်နေရာများမှာ ထပ်မံစိုက်ပျိုးသင့်ပါတယ်။

မေး။ အခုလို ကျူးကျော်တရားမဝင်အခြေချနေထိုင်မှုများနှင့် ကျူးကျော်ဆောက်လုပ်နေထိုင်မှုများအ တွက် ဖြေရှင်းရန်နည်းလမ်းများကို သိပါရစေရှင်။

ဖြေ။ အဲဒီပြဿနာများကို ဆောင်ရွက်ဖို့ အဆိုပြုစာတွဲ- အပြည့်အစုံ (Nomination Dossier Complete) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြစဉ်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြောက်ဦးဒေ သဆိုင်ရာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ကူညီရေးဆွဲတင်ပြထားပြီးဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ အမှိုက်သရိုက်စွန့်ပစ်မှုကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု၊ ရေထုတ်မြောင်းများ၊ ယာဉ်သွားလမ်းများ၊ မြို့ နယ်စည်ပင်သာယာရေးကိစ္စများ၊ မြို့ရွာဒေသအဆောက်အအုံဆောက်လုပ်မှုကို ထိန်းချုပ်နိုင်မှုမရှိ သော အားနည်းချက်များမှာ ချက်ချင်းအလျင်အမြန် စီမံဆောင်ရွက်ရမည့် လုပ်ငန်းရပ်များ အသေး စိတ်ရေးဆွဲဖို့တော့ လိုအပ်ပါတယ်။ အဲဒီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ရင်တော့ မြောက်ဦးဒေသရဲ့ရှေးဟောင်း အဆောက်အအုံများကို အန္တရာယ်ပြုလျှက်ရှိပြီး ၊ လူတို့၏နေထိုင်စား သောက်မှုဘဝကိုပါ ထိခိုက်လျှက်ရှိပေသည်။ မြို့သစ်တစ်ခု၏ အင်္ဂါရပ်နှင့်ညီသော လမ်းဖောက်ပေး ရန်၊ လျှပ်စစ်မီးသွယ်တန်းပေးရန်၊ ရေမြောင်းဖောက်ပေးရန်၊ ရေသွယ်တန်းပေးရန် လုပ်ငန်းများ အသေးစိတ်ဆောင်ရွက်မှ ကျူးကျော်တရားမဝင်အခြေချနေထိုင်မှုများနှင့် ကျူးကျော်ဆောက်လုပ် နေထိုင်မှုများအတွက် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

မေးမြန်းသူ - မခိုင်မျိုးမြတ်

ဓါတ်ပုံ - မြင့်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)