MNP - ဧပြီ ၇
မေး။ လေးစားအပ်ပါသော ဝန်ကြီးရှင် ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း အမှိုက်စွန့်ပစ်မှု များသည် မည်သည့်နေရာတွင် အများဆုံးဆောင်ရွက်နေသည်ကို သိရှိပါရစေရှင်။
ဖြေ။ အမှိုက်စွန့်ပစ်မှုများကို မြောက်ဦးဒေသရဲ့ ချောင်း၊ မြောင်း၊ ကျုံး၊ ကွင်းပြင် စသည့် နေရာများတွင် အများဆုံးစွန့်ပစ်မှု တွေ့ရှိရပါတယ်။
မေး။ မြောက်ဦးဒေသမှာ အမှိုက်စွန့်ပစ်မှုစနစ် ဘာကြောင့်အားနည်းနေရပါသလဲ။
ဖြေ။ မြောက်ဦးမှာ ရေရှည်ကောင်းမွန်သည့် အမှိုက်စွန့်ပစ်မှုစနစ် မရှိခဲ့သည့်အတွက် အားနည်းရခြင်းဖြစ် တယ်။ အဲဒီစနစ်ဖော်ဆောင်ဖို့အတွက် မြောက်ဦးမှာရှိတဲ့ ဒေသခံပြည်သူလူထုများနှင့် လူမှုအဖွဲ့အ စည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရမယ်။ ရရှိလာမယ့် ဆွေးနွေးမှုရလာဒ်များအပြင် ဘက်စုံလွှမ်းခြုံသောစီမံခန့်ခွဲမှုဘောင် (Integrated Man- agement Framework)တွင် ဖော်ပြထားသည့်စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာပြီး ရေရှည်ကောင်းမွန်သည့် အမှိုက်စွန့်ပစ်မှုစနစ်ကို ထူထောင်ရမယ်။
မေး။ မြောက်ဦးမြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများ ကို သိရှိပါရစေရှင်။
ဖြေ။ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် အမြင်မတင့်တယ်ခြင်း၊ ချောင်း၊ မြောင်းများအတွင်း သို့ စွန့်ပစ်ခြင်းကြောင့် ရေစီးလမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် သဘာဝဂေဟစနစ်များပျက်စီးခြင်း၊ အမှိုက်အစိုများမှ အဆိပ်များသည် ထိုမြေကြီးအတွင်း စိမ့်ဝင်ပြီး မိုးရွာသည့်အခါ ချောင်းမြောင်းများ အတွင်း ရောက်ရှိကာ ထိုမြေ၊ ထိုရေကို အသုံးပြုရသော လူများအား ကျန်းမာရေးထိခိုက်စေမှုများ ဖြစ်ခြင်း၊ စိုက်ပျိုးမြေများပျက်စီးခြင်း၊ အမှိုက်အခြောက် ပလက်စတစ်စသည်များကို မီးရှို့သည့်အခါ ထွက်လာသည့် အဆိပ်အငွေ့များကြောင့် မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းပြီး မြို့နေလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို များစွာဆိုးဝါးစွာ ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။
မေး။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည်များရှိပါက သိလိုပါတယ်ရှင်။
ဖြေ။ ယူနီစကို၏ အကူအညီဖြင့် လွှတ်တော်အမတ်များ၊ မြောက်ဦးထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဝင်များ၊ မြောက်ဦးလူငယ်များအစည်းအရုံး၊ မြောက်ဦးဧည့်လမ်းညွှန်အသင်း၊ ဒေါက်တာစောမြ အောင်ဖောင်ဒေးရှင်းနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များတို့သည် ၂၀၁၉ ခုနှစ်၊ ဇူ လိုင်လ (၆)ရက်နေ့မှ (၉)ရက်နေ့အထိ ကလောမြို့နှင့် အင်းလေဒေသရှိ သဘာဝပတ်ဝန်းကျင်ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ မြို့သန့်ရှင်းရေး၊ ဒေသခံနေထိုင်သူများစိတ်ချမ်းသာမှုရှိစေရေးနှင့် အမှိုက် စွန့်ပစ်မှုတို့ကို လေ့လာခဲ့ခြင်း၊ အမှိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ လမ်းကြိုလမ်းကြားများအထိ ဝင်ရောက်သိမ်းဆည်းနိုင်ရန်အတွက် အမှိုက်သိမ်း ယာဉ်ငယ် ၅ စီးကူညီပေးခဲ့ခြင်း၊ ရပ်ကွက်အလိုက် အမှိုက်ပုံးမီးရှို့မည့်သံပုံးများ ပြုလုပ်ပေးခဲ့ခြင်း၊ ပြည်သူလူထုများကို အမှိုက်ဆိုးကျိုးများနှင့် စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
မေး။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများရှိပါက သိရှိပါရစေရှင်။
ဖြေ။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မြောက်ဦးရှိ မြစ်ချောင်း၊ အင်းအိုင်၊ ကျုံးမြောင်းများ ပျက်စီး နေသည့်အတွက် အမှိုက်ကိစ္စကို ဖြေရှင်းရန် အရေးကြီးပါတယ်၊ မောင်းဆွဲတောင်တန်း၏ မြေတူး ထားသောနေရာတွင် အမှိုက်ကန်ကို စနစ်တကျဆောင်ရွက်ဖို့ကို အီတလီနိုင်ငံသား Professor Mas- simo Sarti ကလည်း အကြံပြုခဲ့ပါတယ်။ အမှိုက်ပုံမှ ရွေးထုတ်စုဆောင်းခွဲခြားပြီး ရောင်းချခြင်း၊ ပြန် လည်သန့်စင်အသုံးပြုခြင်း၊ ပစ္စည်းအသစ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုခြင်း၊ စီးပွား ရေးလုပ်ငန်းကောင်းတစ်ခုဖြစ်ပြီး အမှိုက်မှ ရွှေဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မှာဖြစ်ပါ တယ်။
မေးမြန်းသူ - မခိုင်မျိုးမြတ်
ဓါတ်ပုံ - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment