MNP - ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသားကျောင်းသူလေးများနွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအေရိုးဗစ်သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် ပြန်/ဆက်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်း နည်း ပြနှင့်သင်တန်းသို့တက်ရောက်ပေးသော ကျောင်းသားကျောင်းသူလေးများကိုလည်းအထူးပင် ကျေးဇူး တင် ရှိပြီး ၊ အခြားသောသင်တန်းများဖွင့်လှစ်မှုများရှိလာပါက ပူးပေါင်း ပါဝင်စေရန်နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဗဟုသုတ ရနိုင် သော စာအုပ်စာပေများလည်းအခမဲ့လာရောက်ဖတ်ရှုနိုင်ကြောင်းပြောကြားခဲ့သည်။သင်တန်း သား /သူလေးများက သင်တန်းမှသင်ကြားပေးသည့် ကကွက်များဖြင့်အေရိုးဗစ်(Fitness Dance)ကပြခဲ့သည်။
အဆိုပါ သင်တန်းသို့သင်တန်းသူ(၁၅)ဦးတက်ရောက်ပြီးသင်တန်းကာလ၃ရက်အတွင်းအခြေခံအေရိုးဗစ်ကကွက်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment