MNP - ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးအခြေခံပညာကျောင်းများမှအလယ်တန်း/မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများဉာဏ်စမ်းပဟေဠိပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ကြပြီးအကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ခင်လဲ့
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment