MNP - ဧပြီ ၇
ရခိုင်ပြည်နယ်မြောက်ဦးမြို့ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးရဲမှူးကြီးသက်လွင်၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညိုမြင့်ထွန်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍မြောက်ဦးမြို့ယူနစ်စကိုဝင်ရောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းကိုထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြီးနောက် ဆက်လက်ထွက်ခွာလာရာ အောင်တပ်ရပ်ကွက် ၊ မြို့တော်ခန်းမ၌ နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိလာပြီး မြောက်ဦးမြို့ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးဟောခြင်းကိုဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောရာ မြောက်ဦးမြို့တော်ကို သန့်ရှင်းသာယာလှပရန်အတွက် အမှိုက်စွန့်ပစ်နည်းများကို ရှင်းလင်းပြော ကြားခဲ့သည်။ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်မှ လည်း ယူနစ်စကိုဝင်နိုင်ရန် ဒေသခံပြည်သူများမှလည်းဝိုင်းဝန်း၍ပူးပေါင်းလုပ်ဆောင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး နောက်ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးညို မြင့်ထွန်းမှလည်း ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မဖျက်စီးအောင်ထိန်း သိမ်းကာ ကွယ် စောင့်ရှောက်နိုင်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ် ဒေသ ထိန်းသိမ်းစောင့်ရှေက်ရေးအဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းမှလည်း မြောက်ဦးမြို့တော် ယူနစ်စ ကိုဝင် နိုင် ရန် လုပ်ဆောင်ချက်များနှင့် အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် အသိပညာ ပေး ဟော ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အ တွင်း ရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင် ထူးလှိုင်၊၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဖများ၊လူမှုရေးအသင်းအဖွဲ့များ၊ဒေသခံပြည်သူလူထုများတက်ရောက်ကြပြီးမြောက်ဦးမြို့တော်ကိုအမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန် အ ပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်းသိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment