MNP - ဧပြီ ၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန(၁၀) ခုတွင် ကျောင်းသား/ ကျောင်းသူ (၉၄၄)ဦးအေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်အတွင်း၌ ပထဝီဝင်ဘာသာရပ်ကိုဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်း သူစုစုပေါင်း (၁၀၆၅) ဦး စာရင်းပေးသွင်းခဲ့ကြပြီး ယနေ့လာရောက်ဖြေဆိုသူ (၉၄၄) ဦး၊ပျက်ကွက် သူ (၁၂၁)ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူ(၈၈.၆၄) ရာခိုင်နှုန်းရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၁.၃၆)ရာ ခိုင်နှုန်းရှိခဲ့သည်။
ရမ်းဗြဲမြို့နယ်အတွင်း စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများတက္ကသိုလ်ဝင်စာ မေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment