နစက ၏ ရာဇသံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစက ၏ ရာဇသံ


(လုံခြုံရေးအတွက် ပြည်သူပါဝင်တဲ့အင်အား လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း အပြည့်အစုံ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေကို ပြည်သူတွေက စိတ်ဝင်တစားရှိကြပါတယ်။ ဒီနေ့ ကျင်းပသွားတဲ့ (၁၃) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲဟာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအနေနဲ့ ဘောမလို့ အပြောခံနေရတဲ့ သတင်းဌာနတွေအတွက် စကားလက်ဆောင် တစ်ခု ပါးလိုက်ခြင်းက ပိုပြီး စိတ်ဝင်စားမှု မြင့်တက်စေခဲ့တဲ့ အချက်ပါပဲ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ ဆောင်ရွက်ချက်တွေအပေါ် အချိန်ပြည့် ဘောမဆိုတဲ့ နာမ်စားသုံးပြီး တိုက်ခိုက်နေတဲ့ ပြည်ဖျက်မီဒီယာတစ်စုနဲ့ နီပိန်းတစ်သိုက်အတွက် စကားလက်ဆောင်ဆိုရင်လည်း မမှားပါဘူး။ NLD အစွန်းရောက် တွေ ဖွဲ့စည်းထားတဲ့ NUG ကို (NUGအနူကြီး) လို့ ပြည်သူတွေ ကြားမှာ ပြောစမှတ်ဖြစ်နေတာလေးကို ကောက်နှုတ်ပြီး အနူကြီး ဘောမနေတဲ့ မီဒီယာတွေ အနေနဲ့ ဘောဆိုတာ ရွံရှာဖွယ်ဖြစ်လို့ အနူဘောမတာ ပိုပြီး ရွံစရာကောင်းတဲ့ အတွက် လက်ကို ခဏခဏ ဆေးပါ ဆိုတဲ့ သီချင်းလေးနဲ့ အရွှန်းဖောက်ပြောဆိုသွားခဲ့ပါတယ်။

အခု ဒီဆောင်းပါးကတော့ ပြန်ကြားရေးဒုဝန်ကြီးရဲ့ စကားတွေကို code လုပ်ပြီး ရေးသား တင်ပြတာမျိုး မဟုတ်ပါဘူး။ ခေါင်းထဲ မှာ အမှတ်ရနေတာလေးတွေကိုပဲ ပြန်လည်သုံးသပ်ရေးသား ပြဆိုခြင်းဖြစ်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့ကိုယ်စားပြုပြီး CDM လုပ်နေတဲ့ ဆရာ/ ဆရာမတွေက ကျောင်းဖွင့်သတဲ့။ သင်ရိုးကြတော့ နစက သင်နေတဲ့ သင်ရိုးကိုပဲ လိုက်သင်ပြီး နစက ဖွင့်တဲ့ကျောင်းကြတော့ စစ်ကျွန်ပညာရေးမို့လို့ မတတ်ကြနဲ့ ဆိုတာကလည်း NUG က ပုဂ္ဂိုလ်များရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဆိုတာ တွေးတတ်ရင် ကလေး၊ လူကြီး နားလည်သင့်ပါတယ်။ ကျောင်းတက်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ တချို့တွေကိုလည်း ကျွန်တော်ပြောပြခဲ့ဖူးတယ်။ နစက ကျောင်းတွေ စဖွင့်ပါပြီ ဆိုကတည်းက အမျိုးသားပညာရေးမူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်ဆိုတာကို ပြောခဲ့တယ်။ နားမလည်ကြပါဘူး။ အမျိုးသားပညာရေးမဟာဗျူဟာ ဆိုတာ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်စုလက်ထက်လည်း ဒီမူအတိုင်းပါပဲ။ ဒေါ်စုလက်ထက်မှာ ဆိုးသွမ်းသွားတာ တစ်ချက်က Sex Education ကို အခြေခံပညာသင် အဆင့်မှာ ထည့်သွင်းလိုက်တဲ့ ပြဿနာနဲ့ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကို အခြေခံကစပြီး ဖျက်ခဲ့တဲ့ ပြဿနာပါပဲ။ ဒါကိုလည်း နစက အနေနဲ့ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျောင်းမတက်ဘဲ ဆန့်ကျင်နေကြတဲ့ ညီ၊ ညီမလေးတို့ မင်းတို့ အားပေးနေတဲ့ NUG (အနူကြီး)တွေက ကျောင်းဖွင့်တော့ ဘယ်သင်ရိုးတွေနဲ့ သင်သလဲ။ သူတို့ပဲ စစ်ကျွန်ပညာရေးလို့ အချိန်ပြည့်တိုက်ခိုက်နေတဲ့ နစက ဖွင့်တဲ့ ကျောင်းက သင်ရိုးစာအုပ်တွေနဲ့ပဲ သင်တယ်မှတ်လား။ ညီ၊ ညီမလေးတို့ က သူတို့ပြောတာကို အဟုတ်ထင်ပြီး စစ်ကျွန်ပညာရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ဖို့ ပြောတဲ့ သူတွေက ဒီသင်ရိုးအတိုင်းပဲ သင်နေတယ်။ ညီ၊ ညီမလေးတို့ရော၊ ညီ၊ ညီမလေးတို့ရဲ့ မိဘများရော အသေအချာ တွေးလို့ ကိုယ့်အနာဂတ်ကို တည်ဆောက်ကြပါတော့။

NLD တွေရဲ့ ယုတ်မာပုံနဲ့ ပတ်သက်လို့ ကွက်ကွက်ကွင်းကွင်း မြင်စေမယ့် အချက်တစ်ချက်ကိုလည်း ဗိုလ်ချုပ်က ထောက်ပြ ပြောဆိုသွားပါသေးတယ်။ အဲဒါကတော့ PDF ထဲ ဝင်ပြီး တိုက်ခိုက်နေကြတဲ့ လူငယ်လေးတွေကို အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်ဖို့ အကြပ်ကိုင်ပြီး ခိုင်းစေနေကြတာ။ မင်းတို့ မလုပ်သေးဘူးလား။ မလုပ်ဘူးဆိုရင် မင်းတို့ ဘယ်တုန်းက ဘယ်လို ဖောက်ခွဲရေးလုပ်ခဲ့ပါတယ်ဆိုပြီး တပ်ဘက်ကို သတင်းပေးလိုက်မှာနော် ဆိုတာမျိုး အကြပ်ကိုင်ပြီး ခိုင်းစေခြင်း ခံနေရတဲ့ လူငယ်တွေလည်း ရှိနေတယ်။ အကြွေးရှင်က အကြွေးတောင်းသလိုမျိုး၊ အားနည်းချက်ကို အပိုင်ကိုင်ပြီး ခိုင်းစားနေတဲ့ သဘောမျိုးပါ။

ဒီနေ့ လူမသိ သူမသိ ထူးထူးခြားခြား ကိစ္စတစ်ရပ်ကတော့ ပဲခူးမြို့၊ ၅ ရပ်ကွက်က အမျိုးသမီးတစ်ဦးဟာ အုပ်ချုပ်ရေးမှူးက သူတို့ မိသားစုကို နှိပ်စက်ကလူပြုရုံတင် အားမရဘဲ နိုင်ငံရေးပုဒ်မတွေ တပ်ပြီး ဒုက္ခပေးနေလို့ အဲဒီ သတင်းစာရှင်းလင်းပွဲရှေ့မှာ ဆန္ဒပြပြီး အဖမ်းခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်နေပါတယ်။ အဲဒီအမျိုးသမီးသည် တပ်မတော်သား မိသားစုဝင်ဖြစ်တယ်။ ပဲခူးမြို့ ၅ရပ်ကွက် အုပ်ချုပ်ရေးမှူးက သူ့သား ကျောင်းသားလေးကိုလည်း PDF ပါဆိုပြီး ဖမ်းဆီးထားတယ်။ သူ့ညီမတစ်ယောက်ကိုလည်း ဖမ်းဆီးထားတယ်။ သူမကိုလည်း ဖမ်းဆီးဖို့ လုပ်နေတယ်။ အဲဒါကို ရှောင်ပြေးနေရတယ်။ သတင်းစာရှင်းလင်ပွဲရှေ့မှာ မတရားသဖြင့် ခံနေရတာကို ဆန္ဒပြပြီး အဖမ်းခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်နေခြင်း ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ မတိုင်မီ ကြိုပြီး တွေ့လိုက်ရလို့ အဲဒီလိုလည်း မလုပ်သင်ကြောင်း၊ ဖြစ်စဉ်ဖြစ်ရပ် ရေးသားထားတာ ရှိရင် ပေးလိုက်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်း ကိုယ်ကူညီနိုင်တဲ့ အတိုင်းအတာကို ပြောပြပြီး သူ့ဆီက တိုင်စာကို တာဝန်ရှိသူ လက်ထဲ ပေးအပ်ခဲ့ပါတယ်။

ကျွန်တော်တို့သည် မီဒီယာဖြစ်တဲ့အတွက် အစိုးရ နဲ့ ပြည်သူကြားက ပေါင်းကူးပဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီးသာ ဒီအရှေ့မှာ ရုတ်ရုတ်တရက် လုပ်မယ်ဆိုရင် တာဝန်ရှိသူတွေကလည်း အပြစ်လုပ်သည့် အလျှောက် ဖမ်းဆီးအရေးယူတာမျိုး လုပ်မှာပဲ။ မတရားသဖြင့် အမှုဆင် ဒုက္ခပေးခြင်း ခံနေရသူ ထပ်ပြီး ဒုက္ခရောက်ရမယ့် အဖြစ်မျိုးကနေ တတ်နိုင်သလောက် ကူညီ ကယ်တင်လိုက်နိုင်တာကိုပဲ ပီတိဖြစ်မိပါတယ်။ 

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှု အတော်များများကလည်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်တွေကို ထင်ဟပ်ပါတယ်။ ဗိုလ်ချုပ်ဘက်ကလည်း အတတ်နိုင်ဆုံး အဖြေပေးတယ်။ ဌာနဆိုင်ရာတွေ ဘက်ကလည်း ဖြေသင့် ဖြေထိုက်တာတွေ ဖြေသွားကြပါတယ်။ ဒဲ့ပြော သတင်းဌာနက အကိုဆိုရင် ကရင်ပြည်နယ်အတွင်းမှာ PDF, KNDO ပေါင်းပြီး နိုင်ငံခြားသားတွေက အကြမ်းဖက်စစ်သင်တန်းတွေ လာပေးနေတဲ့ အပေါ်မှာ ကရင်ပြည်နယ်ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ တိုက်တွန်း ပြောဆိုသွားခဲ့သလို ဗိုလ်ချုပ်ကလည်း အဲဒီလိုအဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းမရှိကြောင်း၊ ဒါဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်မယ်ဆိုတာ သိပါလိမ့်မယ် လို့ ပြောဆိုသွားပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အချိန်ယူပြီး Review လွှင့်ပေးပါအုံးမယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်အနေနဲ့တော့ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် PDF ထဲ ရောက်နေတဲ့ လူငယ်တချို့ အမှန်တရားကို သိရှိပြီး မိဘရပ်ထံ ပြန်ချင်ကြသူတွေ ရှိတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး ပြန်ခေါ်ချင်ကြမယ်။ ဒါနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဗိုလ်ချုပ်က ရာဇဝတ်မှု ကျူးလွန်ထားတာမျိုး မရှိရင် ဘာမှ ပြစ်ဒဏ်ခံစရာမလိုဘဲ နဲ့ ပြန်လာနိုင်တယ် ဆိုတာကိုလည်း အတိအလင်း ပြောပါတယ်။

ဒီနေ့ ဗိုလ်ချုပ် ရှင်းလင်းပြောဆိုတဲ့အထဲမှာ အနည်းဆုံး အင်အားနဲ့ ထိခိုက်မှုအနည်းဆုံး ဆိုတဲ့စကားကို လုံးဝမသုံးတော့ပါဘူး။ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး လိုအပ်တဲ့သူတွေကို လိုအပ်ချက် ရှိသည့်အလျှောက် လက်နက်ကိရိယာ ပံ့ပိုးပေးပြီး ပြည်သူပူးပေါင်းပါဝင်သော ကာကွယ်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ရာဇသံ ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ PDF ထဲ ရောက်နေတဲ့ လူငယ်တွေ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။ ပြည်ပြေး အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေဟာ လေလှိုင်းပေါ်က လူသတ်သမားတွေ ဖြစ်ပါတယ်။ PDF ညီငယ်တွေက မြေပြင်မှာ တကယ့် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြတဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်နေပါတယ်။ လေလှိုင်းပေါ်က လူသတ်သမားတွေက လုံခြုံစိတ်ချရတဲ့ နေရာကနေ လှုံ့ဆော်နေကြခြင်းဖြစ်ပါတယ်။ တကယ်နှိမ်နင်းပြီ ဆိုတဲ့အခါမှာ မြေပြင်မှာ အကြမ်းဖက်နေတဲ့ သူတွေကိုပဲ နှိမ်နင်းရမှာ ဖြစ်ပါတယ်။ CRPH, NUG က တစ်ယောက်မှ ကိုယ်တိုင်ပါဝင်ပြီး တိုက်ပွဲဝင်နေတဲ့သူ မရှိပါဘူး။ အဲဒီအတွက် သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်က ကြောင့်ကျစရာ မရှိပါဘူး။ PDF အဖြစ်နဲ့ ဆင်ကန်းတောတိုး မိုက်မဲနေကြသူတွေသာ ထိခိုက်နစ်နာမှုတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် (၁၃)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကနေ သတင်းစကားပါးလိုက်တဲ့ ရာဇသံအပေါ်မှာ အလေးအနက်ထား စဉ်းစားဆင်ခြင်ကြဖို့ပဲ အသိပေးချင်ပါတယ်။

PDF တွေ၊ PDF ထဲ မရောက်သော်လည်း နီပိန်းဖြစ်နေသူတွေ အနေနဲ့ ကျောင်းဖွင့်တဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ်၊ လူငယ်လေးတွေကို PDF ထဲ ခေါ်ပြီး အကြမ်းဖက်သမားအဖြစ် အသုံးချနေတဲ့ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ အပြောနဲ့အလုပ် မညီဘဲ ပြည်သူအချင်းချင်း သတ်ဖြတ်ခိုင်းနေတဲ့ လုပ်ရပ်တွေအပေါ်မှာ ဆင်ခြင်သုံးသပ်ဖို့ အချက်အလက်တွေ အများကြီး ရရှိနိုင်မှာ ဖြစ်ပါကြောင်း။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)