သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ဖြစ်ထွန်းလာစေရန်၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းသည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့က သင်မန်းကုန်းကျေးရွာအုပ်စု၊ သင်မန်းကုန်းကျေးရွာရှိကွင်းအမှတ်(၈၂၆)၊ ဦးပိုင်အမှတ်(၁၁)ရှိ တောင်သူဒေါ်စန်းစန်းဝင်း  လယ်မြေဧက(၅)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်လေ့လာကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချိုချိုဝင်းက ပိုက်ဆံလျှော် သစ်စိမ်း မြေသြဇာမျိုးစေ့များကို တစ်ဧကလျှင် လေးပြည်နှုန်း ကြဲပက်စိုက်ပျိုးခြင့်ဖြင့် တစ်ဧကလျှင် ယူရီးယားမြေသြဇာအိတ်ဝက်နှုန်းရရှိနိုင်ခြင်း၊ အပင်ပိုင်းကြီးပွားမှု ပြီးဆုံးချိန်တွင် ထယ်ထိုးမြေမြှုပ်ဆောင်ရွက်ခြင်းဖြင့် သစ်စိမ်းမြေသြဇာ တစ်ဧကလျှင် (၅)တန်၊ ပိဿာ (၃၀၀၀) ကျော်ရှိနိုင်ခြင်း၊ သစ်စိမ်းမြေသြဇာ အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း ကာဗွန်သိုလှောင်မှု မြင့်မားလာခြင်း၊ မြေတွင်းအစိုဓာတ် ထိန်းသိမ်းမှုကောင်းမွန်စေခြင်း၊ လေဝင်လေထွက်ကောင်းမွန်လာစေခြင်းစသည့် မြေဆီလွှာရုပ် ဂုဏ်သတ္တိများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန် လာစေပြီး၊ အမြစ်တွင်တွယ်ကပ်ဖျက်စီးတက်သော မြစ်ဖုနီမတုတ်များအား နှိမ်နှင်းနိုင်ခြင်းများကြောင့် တောင်သူများအတွက် အကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်းဖြစ်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ဇော်မင်း ဦးဆောင်၍ ဌာန ဆိုင်ရာများနှင့် ဒေသခံတောင်သူများက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို စုပေါင်း၍ တပျော်တပါး ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)