မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် သရက်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် သရက်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများတွေ့ဆုံ




MNP - ဧပြီ   ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းသည် သရက်ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက တေဇအားကစားခန်းမတွင်  ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း က မြို့နယ်အတွင်း လုံခြုံရေးကိစ္စများအား အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ရပ်ရွာအေးချမ်း သာယာရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်းနှင့် ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ  စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးမည့် တောင်သူများအား အသိပညာပေးပြီး စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ခရိုင်လုံးကျွတ်ထိုးနှံနိုင်ရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင်ရေး၊ မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်အတူ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက သရက်မြို့နယ်၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာနှင့် ရပ်မိရပ်ဖများ၏ ဆွေးနွေး တင်ပြမှုများအပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ဖြည့်စွက်မှာကြား၍ ဒေသဖွံ့ဖြိုးရေးအတွက် ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မိမိဒေသအေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကို ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)