ကျောက်ကြီးမြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်


MNP - ဧပြီ   ၂၇

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ စိုက်ပျိုးရေးဦးစီးဌာန၏ လယ်ယာမြေများတွင် မြေဆီသြဇာ ဖွံ့ဖြိုးတိုးတက်ပြီး၊ မြေဆီလွှာရေရှည် တည်တံ့စေရန်အတွက် ရည်ရွယ်ချက်ဖြင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲနှင့် လက်တွေ့သရုပ်ပြပွဲအား ယနေ့ နံနက် ၈ နာရီခွဲအချိန် ဆောင်ရွက်ခဲ့သည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ လက်တွေ့သရုပ်ပြပွဲအား မအူပင်ဆိပ်ကျေးရွာအုပ်စု တောင်သူ ဦးအောင်မြင့် လယ်ကွက်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများနှင့် ဒေသခံတောင်သူများက လက်တွေ့သရုပ်ပြ ကြဲပက်စိုက်ပျိုးပြသည်၊ ဆက်လက်ပြီး စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ရုံး အစည်းဝေးခန်းမ၌ ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါ အခမ်းအနားအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင် က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ စိုက်ပျိုးခြင်းဖြင့် လယ်ယာမြေများတွင် မြေဆီသြဇာဖွံ့ဖြိုးတိုးတက်ပြီး၊ မြေဆီလွှာရေရှည်တည်တံ့စေရန် အတွက် မိုးသီးနှံမစိုက်ပျိုးမီ (၂)လခန့် ကြိုတင်ကြဲပက် စိုက်ပျိုးရခြင်း၊ "မြေဆီတိုးတက်၊ အထွက်သေချာသစ်စိမ်းမြေသြဇာ" စိုက်ပျိုးရေးဆောင်ပုဒ်နှင့် အညီ ဓါတ်မြေသြဇာသုံးစွဲမှုကို လျှော့ချပြီး၊ အကုန်အကျသက်သာသည့် သဘာဝမြေသြဇာကို အကျိုးရှိရှိ အသုံးချနိုင်ဖို့လိုအပ်ကြောင်း၊ ကျောက်ကြီးမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ စိုက်ဧက (၂၇၇) ဧက ပဲလွန် စိုက်ဧက (၈၀) ဧက စုစုပေါင်း သစ်စိမ်းမြေသြဇာ စိုက်ဧက (၃၅၇) ဧက စိုက်ပျိုးရန် လျာထားပြီး စိုက်ဧကပြည့်မီရေး စည်းရုံးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)အုပ်စုတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ စိုက်ပျိုးဧက (၃၈) ဧကအား စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း ပြောကြားသည်၊ ထိုနောက် ဒေသခံတောင်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား အခမဲ့ ထောက်ပံ့ပေးအပ်ကြပြီး၊ မြို့နယ် စိုက်ပျိုးရေးရုံးဝန်ထမ်းများက စိုက်ပျိုးရေးဦးစီးဌာနထုတ် “မြေဆီတိုးတက်၊ အထွက်သေချာ သစ်စိမ်းမြေသြဇာ” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

 သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲနှင့် လက်တွေ့သရုပ်ပြပွဲသို့ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)