ပလောက်မြို့၌ ရော်ဘာခြံများတွင် ကြားသီးနှံ( ဝဥ ) စိုက်ပျိုးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၌ ရော်ဘာခြံများတွင် ကြားသီးနှံ( ဝဥ ) စိုက်ပျိုးပွဲဆောင်ရွက်

 


MNP - ဧပြီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ရော်ဘာခြံများတွင် ကြားသီးနှံ ( ဝဥ ) စိုက်ပျိုးပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ဆင်ထိုးကြီးကျေးရွာရှိ တောင်သူဦးကွန်ပါ၏ ရော်ဘာခြံကွင်းအမှတ် (၂.0.s.s) ၊ ဦးပိုင်အမှတ် (N-၂၈) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြားသီးနှံ( ဝဥ ) စိုက်ပျိုးပွဲတွင် ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက  ကြားသီးနှံစိုက်ပျိုးခြင်းအားဖြင့် ရော်ဘာခြံရှင်များ အပိုဝင်ငွေရရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေကာ ပေါင်းမြက်ကာကွယ်ပြီးဖြစ်ကြောင်း တောင်သူများအား အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါ ကြားသီးနှံ( ဝဥ ) စိုက်ပျိုးပွဲသို့ ပလောက်မြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူးမှူး ၊စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရော်ဘာခြံရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - နှင်းမြူလွင်  

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)