MNP ၊ ဧပြီ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲလျက်ရှိသည်။
မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုလ် မဏ္ဍပ် တွင်လည်း ရိုးရာယဉ်အဖွဲ့များက ကပြဖျော်ဖြေခြင်း ၊ တေးသံရှင်များက သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်သူများ ပျော်ရွင် စွာပါဝင်ဆင်နွဲကြသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများက မိသားစု ၊ သူငယ်ချင်း များစုပေါင်းကာ မော်တော်ယာဉ် ၊ ဆိုင်ကယ်များ ဖြင့် ရေပတ်ခံထွက်ခြင်း ၊ ပြည်သူများ၏ အိမ်ရှေ့ဘက်တွင် ရေကစားမဏ္ဍပ်ငယ်များတွင် ရေပတ်ကစားခြင်းများကို ပျော်ရွှင်အေးချမ်းစွာဆင်နွဲလျက်ရှိကြောင်းသိရသည်။
သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost

















No comments:
Post a Comment