NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က ကျောင်းထိုင် ဆရာတော် ၁ ပါးနှင့် ဒုလ္လဘရဟန်း ၂ ပါးအား သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၊ NLD အစွန်းရောက်တို့၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၃၃ ပါးအထိ သေဆုံးခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က ကျောင်းထိုင် ဆရာတော် ၁ ပါးနှင့် ဒုလ္လဘရဟန်း ၂ ပါးအား သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၊ NLD အစွန်းရောက်တို့၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၃၃ ပါးအထိ သေဆုံးခဲ့ရ


MNP ၊ ဧပြီ ၁၄

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြု လုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်သည်ကို တွေ့ရှိရသည်။


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်(၅၃)နှစ် (၃၃)ဝါ(ဘ)ဦးဖိုးရှင်းသည် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၅ ဦးခန့်က သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်အား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းချက်ဆောင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ)ဦးဆန်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


အလားတူ ယနေ့နံနက် ၉ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာရှိ ရွှေသုဝဏ် ဘုန်းကြီးကျောင်း၌ ဒုလ္လဘရဟန်း ၂ ပါးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေသူ တုံလုံကျေးရွာနေ ဦးမြင့်ဦး(၅၃)နှစ် (ဘ)ဦးပြည်ကျော်နှင့် ဦးစိုးတင့်(၅၃)နှစ် (ဘ)ဦးမောင်ဝင်းတို့သည် ကျောင်းအတွင်း ရှိနေစဉ်သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသည့် NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဘုန်တော်ကြီးကျောင်းအောက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ဦးမြင့်ဦးအား ကျောင်းလှေကားရင်း၌ လည်းကောင်း၊ ဦးစိုးတင့်အား ဘုန်းကြီးကျောင်းမုဒ်ဝတွင်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမြင့်ဦးနှင့် ဦးစိုးတင့်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ကြောင်းသိရှိရသည်။


ထိုကဲ့သို့ သာသနာ့အနွယ်ဝင် သံဃာတော်များအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ယနေ့ထိ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၂ ပါး၊ သေဆုံးသူ ရဟန်းသံဃာတော် ၃၃ ပါးနှင့် သီလရှင် ၁ ပါးတို့ရှိပြီဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)